အိမ်မဲ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတော်အဆင့်လူရည်ချွန်များအဖြစ် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ် (၅)ဦးအား ကြိုဆို ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်တွင် အိမ်မဲမြို့အဝင်နေရာ၌ ကျင်းပခဲ့သည်။
အဆိုပါလူရည်ချွန် (၅)ဦးမှာ အ-ထ-က (၂)အိမ်မဲ၊ Grade -12 မှ (၄)ထပ်ကွမ်းလူရည်ချွန် မောင်အောင်သူရ၊ အ-ထ-က (၂)အိမ်မဲ ၊ Grade -11 မှ (၃)ထပ်ကွမ်းလူရည်ချွန် မောင်သုတပိုင်၊ အ-ထ-က (၂)အိမ်မဲ ၊ Grade -11 မှ (၃)ထပ်ကွမ်းလူရည်ချွန် မမြယမင်းလွင်၊ အ-ထ-က (၂)အိမ်မဲ ၊ Grade -10 မှ (၂)ထပ်ကွမ်းလူရည်ချွန် မောင်ဥက္ကာဗိုလ်ဗိုလ်နှင့် အ-ထ-က (၁)အိမ်မဲ ၊ Grade -10 မှ (၂) ထပ်ကွမ်းလူရည်ချွန် မဇွန်မီမီမောင်တို့ဖြစ်ကြပြီး ၎င်းတို့ (၅)ဦးအား အိမ်မဲမြို့နယ် မြို့အဝင်နေရာမှ စတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မိမြို့ဖများ၊ မြို့သူမြို့သားများ၊ ကျောင်းသားကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ စွတ်ခြင်း၊ အမှတ်တရ ပန်းစည်းများလက်ဆောင်ပေးခြင်း၊ လက်ပြနုတ်ဆက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး အ-ထ-က(၂)ကျောင်းပညာ့ဗိမာန်ခန်းမတွင် ဂုဏ်ပြုပွဲကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဂုဏ်ပြုအမှာစကားများပြော ကြားခဲ့သည်။
ထို့နောက်လူရည်ချွန်ကျောင်းသား မောင်အောင်သူရက နေပြည်တော်အပန်းဖြေစခန်းအတွေ့ အကြုံများကိုလည်းကောင်း၊ လူရည်ချွန်ကျောင်းသား မောင်သုတပိုင်က ငွေဆောင်အပန်းဖြေစခန်း အတွေ့အကြုံများကို လည်းကောင်း၊ လူရည်ချွန်ကျောင်းသူ မမြယမင်းလွင်က ငွေဆောင်အပန်းဖြေ စခန်းအတွေ့အကြုံများကိုလည်းကောင်း၊ လူရည်ချွန်ကျောင်းသား မောင်ဥက္ကာဗိုလ်ဗိုလ်က တောင်ကြီး/အင်းလေး အပန်းဖြေစခန်းအတွေ့အကြုံများကိုလည်းကောင်း၊ လူရည်ချွန်ကျောင်းသူ မဇွန်မီမီမောင်က တောင်ကြီး /အင်းလေး အပန်းဖြေစခန်းအတွေ့အကြုံများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။
ယင်းနောက် အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးဆရာမကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအ ကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများက လူရည်ချွန်ကျောင်းသား (၅)ဦးအား ဂုဏ်ပြုဆုများကို ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)