မြောင်းမြမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်

မြောင်းမြ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ကို လုပ်ငန်းစဉ်(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၉ ရက်နေ့(၉)နာရီအချိန်က ကျွဲနွားရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့သားစပ်ပေးခြင်းတို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ၊ သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားတို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များတွင် စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကောက်ယူခြင်း၊ တိရစ္ဆာန်အစာဆိုင်နှင့် ဆေးဆိုင်စာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊ ကျွဲနွားရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများတွင် နမူနာပြပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)