လပွတ္တာမြို့နယ်တွင် ပိုက်ဆံ‌လျှော် (သစ်စိမ်း မြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

လပွတ္တာ        မေ      ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်စိုက်ပျိုးရေးစီးဌာနမှ မိုးစပါး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံ‌လျှော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီအချိန်ခန့်က အောက်ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။         

အခမ်းအနားတွင်လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးလပွတ္တာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းစိုးက မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့အိတ် များကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသည့် တောင်သူများထံသို့(ပိုက်ဆံလျှော်) မျိုးစေ့အိတ်များ ကိုပေးအပ်ခဲ့ကြပြီးအောက်‌‌ချောင်းကျေးရွာရှိ    ကွင်းအမှတ် ၅၈၁(က)၊ ဦးပိုင်အမှတ် ၁၃/၁ တောင်သူ‌ ဒေါ်ခင်ရီ၏ လယ်(၁၁)ဧကတွင် (ပိုက်ဆံလျှော်) သစ်စိမ်းမြေဩဇာမျိုးစေ့များအား(၁)ဧကလျှင် (၄)ပြည်နှုန်း ဖြင့်ကြဲပက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်