လပွတ္တာ မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုဲ၌ မြစိမ်းရောင်စီမံကိန်း သုံးသပ် ဆွေးနွေးပွဲ(MSR)နှင့် စံပြဆုချီးမြှင့်ပွဲကိုယနေ့ နံနက် ၉ နာရီက လပွတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေတို့အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက်စံပြဆုရရှိသည့် ကသပေါင်းကျေးရွာအုပ်စု၊ တောင်တန်းကြီးကျေးရွာမှ မြစိမ်းရောင်ကော်မတီဝင်များ အားဆုများချီးမြှင့်ခဲ့ကြသည်။
သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာန အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့်မိသားစုဝင်ငွေ တိုးပွားစေခြင်း၊ဆင်းရဲမှုနှုန်းလျော့ချခြင်း၊ တိုးပွားလာ သောရန်ပုံငွေဖြင့် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းနှင့်ကျေးရွာလူထု၏ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိစေရန် ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်