လပွတ္တာ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လပွတ္တာခရိုင်နှင့်မြို့နယ်၊ အားကစားနှင့်အခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဥ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးအားကစားသင်တန်းဖွင့်ပွဲကို မေလ ၄ ရက်နေ့ညနေ ၃း၃၀ နာရီက၊ ရတနာဒီပအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာစစ်ကြောင်းမှူးမှတန်းအပ်ခြင်း အစီအစဉ်အားဆောင်ရွက်ခဲ့ပြီးလပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးတင့် ကသင်တန်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်သင်တန်းသားများအား အားကစားဝတ်စုံနှင့်အားကစား ပစ္စည်းများကိုဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ကြပြီး သင်တန်းသားများ ကအားကစား သစ္စာအဓိဌာန် (၄)ချက်ရွတ် ဆိုခဲ့ကြသည်။ ဆက်လက်ပြီးဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်း သားများ အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်