ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ရုံးပတေသီးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ပေါင် မေ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် ရုံးပတေသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကလည်း အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလည်း ကောင်းပါသည်။ လက်ရှိမှာရုံးပတေသီး တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀) အထိ ရောင်းချနေရလို့ နေ့စဥ်မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေးလည်းတွက်ခြေကိုက်သည်ဟု ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

ရုံးပတေးသီးနှံစိုက်ပျ်ိုးရေးလုပ်ငန်းသည် မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ၌လည်း စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်းသုံးပေခန့်ခွာ၍ မျိုးစေ့ချစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၃) လအကြာတွင် ရောင်းတန်းဝင် ရုံးပတေသီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)