ပေါင် မေ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တောင်သူဒူးရင်းစိုက်ပျိုးနည်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ကြီးချောင်ကျေးရွာ၌ပြုလုပ်ခဲ့ရာ ဒေါက်တာ မောင်မောင်မြင့် (ဒု-ပါမောက္ခချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ဒေါက်တာမာမာကြူ ပါမောက္ခ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ ဒုတိယပြည်နယ်ဦးစီးမှူးများဖြစ်ကြသော ဦးမျိုးမင်းထွန်းနှင့် ဦးဆန်းထွန်းဝင်း၊ ခရိုင်ဦးစီးမှူး ဦးညီညီထွန်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများနှင့် ဒူးရင်းစိုက်တောင်သူ (၂၁)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒေါက်တာမောင်မောင်မြင့် ဒု-ပါချုပ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (ငြိမ်း)က ဖိုင်သော့အမြစ်၊ ပင်စည်နှင့် အသီးပုပ်၊ ဖျူစေရီယမ် ကိုင်းဖျားခြောက်၊ အမြစ်ပုပ်နှင့် အခြားဒူးရင်းရောဂါများအား ဘက်စုံကာကွယ်ထိန်းချုပ်ခြင်း အကြောင်းအရာများကိုလည်းကောင်း၊ ဒေါက်တာမာမာကြူ ပါမောက္ခ ရေဆင်းစိုက်ပျိုးရေတက္ကသိုလ်(ငြိမ်း)က ဇီဝကမ္မဆိုင်ရာ ဒူးရင်းသီးများ ပျက်စီးခြင်း အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)