ပေါင် မေ ၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သောက်သုံးရေ အခက်အခဲ ဖြစ်လျက်ရှိသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက သောက်သုံးရေလှူဒါန်းမှုပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုနှင့် သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်တို့မှ သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သောက်ရေရှားပါးသော ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာအုပ်စု၊ ကျားဘိုကျေးရွာအုပ်စု၊ အလှပ်ကျေးရွာအုပ်စုများသို့ မီးငြှိမ်းသတ်ယာဥ်(၂)စီး၊ မီးသတ်ရေသယ်ယာဥ်(၅) စီး စုစုပေါင်း ရေဂါလံ (၇၆၀၀)အား ကျေးရွာရှိသောက်သုံးရေ လိုအပ်လျက်ရှိသော နေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေများ (အခမဲ့) လှူဒါန်းပေးခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလအတွင်း ရပ်ကွက်/ကျေးရွာ များတွင် ရေပြတ်လပ်မှုမရှိစေရေးနှင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းများမှ သွားရောက်၍ ရေများ အခမဲ့ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိပြီး မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်သည့် ပြည်သူမျာအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)