မုဒုံမြို့၌ ရက် (၁၀၀)စီမံချက်ဖြင့် ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု စစ်တမ်းကောက်ယူ

မုဒုံ     မေ     ၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးဦး စီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်း ကောက်ယူ မှုကို ယနေ့နံနက် ၁၀ နာရီက ဘဲရမ်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်း ချမ်းကျော်က ကြီးကြပ်၍ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထားသည့်သီးနှံများ မြေပြင်တွင်အမှန်တကယ် စိုက်ပျိုးထားရှိမှု အခြေအနေအမှန်ကို သိရှိအောင် ဆောက်ရွက်ခြင်း၊ ၂၀၂၆ - ၂၀၂၇ ခုနှစ်တွင် ပန်းတိုင်သီးနှံများ၏ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ အခြေပြုစစ်တမ်းကောက်ယူမှုကို မြို့နယ်အတွင်းရှိ ကျေးရွာ (၂၁)ရွာမှ လယ်ဧကများ၊ မိုးရာသီ စိုက်ပျိုးသည့်သီးနှံများ၊ နွေစပါးနှင့် ဆောင်းရာသီစိုက်ပျိုးသည့် သီးနှံများကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)