သဲကုန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားများ အပြန်အလှန်ပြောကြားခဲ့ကြပြီး ပြည်သူများ၏ဆန္ဒမဲဖြင့် ကိုယ်စားလှယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြသည့်အတွက် ပြည်သူ့အကျိုးစီးပွားအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ပြည်သူများ၏ အခက်အခဲများ၊ တင်ပြချက်များအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းဆွေးနွေးပေး၍ ဖြေရှင်းပေးနိုင်သည့်ကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရန်ကိစ္စရပ်များကို မြို့နယ်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း၍ ထိရောက်စွာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(သဲကုန်း)