ကြို့ပင်ကောက်မြို့တွင် တတိယအကြိမ် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅ လုံး အမိုးလန်ပျက်စီး

ကြို့ပင်ကောက် ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က တတိယအကြိမ် လေပြင်းတိုက်ခတ်မှုကြာင့် ကျေးရွာအချို့မှ လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခဲ့ကြာင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မင်းအိုကျေးရွာအုပ်စု သဲကုန်းကြီးကျေးရွာတွင် အမိုးလန်နေအိမ် ၁၄ လုံး ကျွန်းကုန်းကျေးရွာအုပ်စု တွင်နေအိမ် ၁ လုံးတို့ အမိုး လန်ပျက်စီးခဲ့ကြောင်း စုစုပေါင်း ဆုံးရှုံးမှုတန်ဘိုး ၇၅၀၀၀၀ ခန့်ရှိ‌ကြောင်း အိမ်ထောင်စု ၁၅ စုမှ လူဦးရေ ၇၅ ဦးတို့လေဘေး ဒဏ်ခံစားခဲ့ရပြီး နီးစပ်ရာဆွေမျိုးများ၏‌နေအိမ်များတွင် ယာယီနေထိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)