တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

တမူး ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဧပြီ (၂၈)ရက်နေ့က အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမြင့်သိန်းစိုးက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထိုက်က အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပူဒဏ်ကာကွယ်နိုင်ရေး ရှောင်ကြဥ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ ခံစားရပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ  စသည့်အပူဒဏ်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများအား အပူဒဏ်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး အသိပညာပေးပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရတနာ