ညောင်လေးပင် ဧပြီ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် ၂၀၂၆-၂၀၂၇ ခုနှစ်၊ လုပ်ငန်းရာသီနှစ်(ပထမ)အကြိမ်ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်းအခမ်းအနားကို ဧပြီ ၂၈ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းလင်းမှ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထိန်ဝင်းက အင်း/တင်ဒါလေလံစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် လေလံတင်ရောင်းချရာ (ပထမ)အကြိမ် ဂရန်အင်းလေလံတင်ရောင်းချရာ၌ ဂရန်အင်း(၈) အင်းရောင်းချနိုင်ခဲ့ပြီး တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချရာ၌ (၆)ခုရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ လေလံတင်ရောင်းချရေးအဖွဲ့နှင့် လေလံတင်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ညောင်လေးပင်နှင့် ကျောက်တံခါးမြို့နယ်များမှ အင်းလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)