ဖြူးမြို့နယ်၌ လက်ဆွဲမျိုးစေ့ချကိရိယာများအား အရစ်ကျငွေပေးချေ စနစ်ဖြင့် ဖြန့်ဝေ

ဖြူး ဧပြီ ၂၈

ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ စီမံကြီးကြပ်၍ စပါးစိုက်ဧရိယာများတွင် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder အသုံးပြုစိုက်ပျိုးနိုင်ရေး တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူများထံသို့ အရစ်ကျစနစ်ဖြင့် စျေးနှုန်းချိုသာစွာ (၁၂၈၉) လက် ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ပထမအကြိမ် Drum Seeder (၅၀၇) လက်အား တစ်လုံးလျှင် (၂) သိန်းကျပ်ဖြင့် အရစ်ကျဖြန့်ဝေပေးခဲ့ပြီး ဒုတိယအကြိမ် (၅၀၇) လက် ထပ်မံရောက်ရှိ၍ စုစုပေါင်း (၁၂၈၉) လက်ခန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၇) စက်မှုလယ်ယာစခန်း၊ မြို့နယ်ဦးစီးမှူးဦးကိုကိုမောင်ထံမှ သိရသည်။

ဖြူးမြို့နယ်အတွင်း ယခုနှစ် မိုးစပါး၊ နွေစပါးစိုက်ပျိုးရာတွင် Drum Seeder စိုက်နည်းဖြင့် (၈၇၃၄) ဧကခန့် စိုက်ပျိုးထားနိုင်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)