အုတ်တွင်းမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခြင်းနှင့်UIDကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

အုတ်တွင်း      ဧပြီ      ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ် အထက်ပြည် သူများ အားအစိုးရသစ်ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ပြုလုပ်ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ် ဦးစီးမှူးဦးနော်ဟိန်းနှင့် ဝန်ထမ်းများကအသက် (၁၀)နှစ် အထက် ပြည်သူမျာအားအစိုးရသစ်ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင် ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အုတ်တွင်းမြို့နယ် အတွင်းရှိအသက် (၁၀)နှစ် အထက်ပြည်သူများအားနိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားပါမည်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံးမှသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)