ပေါင်းတည် ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများ၌ ဧပြီ (၂၀)ရက်မှ ဧပြီ (၂၄)ရက်အထိ ပဲခူးတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာ ဝင်းဝင်းလှ ဦးဆောင်သောအဖွဲ့နှင့်၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပါဝင်သည့် (TB Mobile Team ) အနေဖြင့် တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ၌ တီဘီသံသယလူနာ စုစုပေါင်း (၅၈၆)ဦးအား Digital X.Ray စက်များဖြင့် ရိုက်ပေးခြင်း၊ စစ်ဆေးပေးခြင်းများ ပြုလုပ်ခဲ့ပြီး Active TB လူနာသစ် IR (၁၆)ဦးနှင့် Gene X-pert စစ်ရန် စုစုပေါင်း (၉၀)ဦးနှင့် TPT (၈) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေး ရောဂါရှာဖွေခြင်းနှင့် အသိပညာလုပ်ငန်းကို ဧပြီလ (၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ မိခင်နှင့်ကလေးကျန်းမာရေးဌာန အပါအဝင် ကျေးလက်ကျန်းမာရေးဌာနများအား အခြေပြု၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့်အဖွဲ့က ကြည်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)