ကလေးဝမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကလေးဝ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက် (၁၀)နှစ် ပြည့်ပြီးသူများအား လိုအပ်သောစာရွက်စာတမ်း အထောက်အထားများ၊ ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူစစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)