ကျွန်းလှ ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ နွေရာသီ ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီခွဲက သစ်ရာမြိုင်ရပ်ကွက်ဈေးအနီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အပူဒဏ်ကာကွယ်ရေး လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် သတိပြုရမည့်အချက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့် လက္ခဏာများစသည့် အသိပညာပေးခြင်းများပါရှိသည်။
ထို့နောက် ကျွန်းလှမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က အပူရှောင်စခန်း ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)