မုံရွာမြို့၌ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

မုံရွာ ဧပြီ ၂၅

 မုံရွာမြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ယမန်နေ့နေ့လယ်ပိုင်းက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်က စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံံးသူအခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီးနောက် တိုင်ကြားခွင့်ရှိသူများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသူ စုစုပေါင်း ၆၅ ဦး၏ သိလိုသည်များကို ပြည်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)