သာယာဝတီမြို့၌ အပူဒဏ်ကာကွယ်ရေးနိူးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

သာယာဝတီ ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပေးနိူးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မူဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဥ်ရန်အချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း‌နှင့် သတိလစ်ခြင်းလက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာ‌ရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသနိုင်ရေးတို့ကို အသိပညာပြီး အပူဒဏ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)