ရွှေတောင်မြို့နယ်အတွင်း နွေးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ သတ်မှတ်လျာထားဧကအပေါ် လျော့နည်းစိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ရွှေတောင် ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမိုးတို့က. ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ရွှေတောင်မြို့နယ်အတွင်း နွေးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ သတ်မှတ်လျာထားဧကအပေါ် လျော့နည်းစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ နွေးစပါးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြေစာရင်းကွင်းတာဝန်ခံများ၊ စိုက်ပျိုးရေးကွင်းတာဝန်ခံများလိုက်ပါ၍ နွေးစပါးလျော့နည်းစိုက်ပျိုးရသည့် အခက်အခဲများအား တောင်သူများမှ အဓိကအကြောင်းအရင်းဖြစ်သည့် ကြွက်များဖျက်ဆီးခံရမှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျသဖြင့် စိုက်ပျိုးမှုမရှိခြင်း၊ စက်ရေတွင်းဖြင့် စိုက်ပျိုးသည့်ဧကများတွင် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိသည့်စပါးစျေးနှုန်း ကိုက်ညီမှုမရှိသဖြင့် စိုက်ပျိုးမှုမရှိခြင်း၊ ခွက်ဆင့်သောက်လယ်ဧကများဖြစ်၍ အောင်ရေအထွက်နှုန်း ပြည့်မီစွာမရရှိသဖြင့် စိုက်ပျိုးမှုမရှိကြောင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ တိုင်းဦးစီးမှူးမှ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)