အီးအမ်မြေဆွေးသဘာဝမြေဩဇာထုတ်လုပ်ခြင်း အလုပ်ရုံသို့ တာဝန်ရှိသူများမှ စစ်ဆေး

အုတ်ဖို ဧပြီ ၂၄

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာတွင် အီးအမ်မြေဆွေးသဘာဝမြေဩဇာထုတ်လုပ်ခြင်းအလုပ်ရုံသို့ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြေဆွေးပုံများဆောင်ရွက်ထားမှုအခြေအနေ၊ မြေဆွေးပုံဆောင်ရွက်ရန်အတွက် နွားချေး၊ အီးအမ်၊ တင်လဲရည်များ စုဆောင်းထားရှိမှုအခြေအနေ၊ မြေဆွေးများအားဇကာချဆောင်ရွက်နေမှုအခြေအနေ၊ အသုံးပြုရာတွင် ရေ၊ လေတို့ကြောင့် လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် လွယ်ကူထိရောက်စေရေးတို့အတွက် အခဲ (Granule) ပြုလုပ်အခြောက်ခံနေမှု အခြေအနေများအား ကြည့်ရှု၍ ပိုမိုတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ MSME ကဏ္ဍဖြင့် ချေးငွေရရှိနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)