သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၅) လုံး အမိုးလန်ပျက်စီး

သဲကုန်း ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်​နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၅) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲခေါင်းကျေးရွာ၊ သီးကုန်းကျေးရွာ၊ သာပေါင်းကျေးရွာ၊ ရပ်သာကျေးရွာ၊ ကြို့ကုန်းကျေးရွာများမှ နေအိမ် (၁၅) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁၅) စုမှ ကျား (၁၆) ဦး၊ မ (၂၀) ဦး စုစုပေါင်း (၃၆) ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် တာဝန်ရှိများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုကျော်