အိမ်မဲမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ဗဟိုမဏ္ဍပ်တွင် ကရင်ဒုံးယိမ်းအကများဖြင့်ဖျော်ဖြေ ပြည်သူများအေးချမ်းစွာရေကစားလျက်ရှိ

အိမ်မဲ ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် အတက်နေ့နံနက်ပိုင်း၌ အိမ်မဲမြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အိမ်မဲမြို့ ဗဟိုမဏ္ဍပ်တွင် ကရင်ဒုံးယိမ်းအကများ၊ ယိမ်းအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေနေကြသလို လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင်တွင်လည်း စတုဒိသာများကိုကျွေးမွေးလျက် ရှိကြောင်းနှင့် ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြသည်။

အဆိုပါ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှစ်ဆန်း (၁) ရက်နေ့တွင်လည်း ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် အိမ်မဲမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)