ကျောက်ကြီး ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီးအရှေ့ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်း ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုပြုလုပ်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များက ဦးဆောင်ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ကျောက်ကြီးမြို့နယ်အတွင်းရှိ သင်္ကြန်ယိမ်းအဖွဲ့(၅၀)ကျော်က မဟာသင်္ကြန်ဖွင့်ပွဲနှင့် ပိတ်ပွဲတို့တွင်ကပြဖျော်ဖြေရန် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်း၊ လုံခြုံရေးစီမံဆောင်ရွက်ခြင်း၊ သင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ရက်ကွက်များအလိုက် ယိမ်းအဖွဲ့များက သက်ဆိုင်ရာနေရာအသီးသီးတွင် ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာ ကျွေးမွေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့တွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)