အထက်မင်းလှ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သည့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်/စာစောင်ပြသခြင်းများကို ယနေ့နံနက် ၁၀ နာရီခွဲက မင်းလှမြို့၊ အမှတ်(၈)ရုံးရပ်ကွက် မြောက်ပိုင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်သိန်းက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ ပူပြင်းသော အချိန်ကာလရောက်ရှိလာပြီဖြစ်သည့်အတွက် သက်ကြီးဘိုး၊ဘွားများ၊ ကလေးငယ်များတွင် အပူဒဏ်ကြောင့် ဖြစ်သောရောဂါများ စသည့်အချက်များ ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာချိုဝင်းက စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်ကို သွားကြစို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် 3 R နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်/စာစောင်များကို ပြသပေးခဲ့ရာ ဓမ္မာရုံသို့ ဥပုဒ်သီလဆောက်တည်ရန် လာရောက်သည့် သက်ကြီးဘိုးဘွားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)