စလင်း ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဘောလုံးအားကစားနည်း အဆင့်တန်းတိုးတက်မြှင့်မားစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီဘောလုံးအားကစားနည်းသင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များနဲ့ ကျောင်းသား၊ ကျောင်းသူများ မိမိတို့ဝါသနာပါတဲ့ အားကစားနည်းများများအလိုက် သင်ကြားနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်း၍ အားကစားနည်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ဘောလုံးအားကစားနည်းမှာ ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း၊ သွေးပူလေ့ကျင့်ခန်း၊ အခြေခံဘောလုံးအားကစားနည်းနှင့် ဥပဒေနည်းစနစ်များ၊ သင်ကြားပေးလျက်ရှိပါတယ်” ဟု မြို့နယ်အားကစားမှူး ဒေါ်ဇင်မာဦးက ပြောသည်။
စလင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများအဖြစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်သင်တန်း၊ ကြက်တောင်ရိုက်သင်တန်း၊ ဘတ်စကက်ဘောသင်တန်းများကို သက်ဆိုင်ရာနည်းပြများဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)