ကျွန်းလှ ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီစိုက်ပျိုးသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဒီနှစ်နွေရာသီမှာ ရုံးပတီကျင်း၃၀၀၀ ကျော်စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးရာမှာ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ ရေတင်ခနဲ့ လုပ်အားခအပါဝင် ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျပါတယ်။ အခုအခါ ရုံးပတီစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ကောက်ယူရောင်းချနေရပြီဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါကောက်ရင် ပိဿာချိန် ၁၀ ရရှိပြီး တစ်ပိဿာ ငွေကျပ် ၃၅၀၀ ရောင်းရ၍ အဆင်ပြေလျက်ရှိပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူ ဦးလေးမောင်က ပြောသည်။
ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနှင့် မန်ကျည်းအင်းကျေးရွာတို့တွင် စပါးအပြင် ဟင်းသီးဟင်းရွက်မျိုးစုံကို နွေ၊ မိုး၊ ဆောင်း ချောင်းရေတင်စိုက်ပျိုးကြ၍ ဒေသခံပြည်သူများ အလုက်အကိုင် အခွင့်လမ်းရရှိကြပြီး တောင်သူများများ ဝင်ငွေရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ