စလင်း မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘောလီဘောနှင့် စားပွဲတင်တင်းနစ် အားကစားသင်တန်းများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့၌လည်းကောင်း၊ မတ်လ ၂၀ ရက်နေ့မှစတင်ပြီး နေ့စဉ် နံနက် ၇ နာရီမှ ၁၁ နာရီထိ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များအချိန်ကို တန်ဖိုးရှိစွာ အသုံးချပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန် အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော၊ နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွက်စေရန်နှင့် တစ်ဦးနှင့် တစ်ဦး ရင်းနှီးချစ်ခင်၍ စုပေါင်းဆောင်ရွက်တတ်ကြစေရန် ရည်ရွယ်ကာ နွေရာသီကျောင်းပိတ်ရက်များ၌ နေ့စဉ် ကျောင်းသား၊ ကျောင်းသူများအား အားကစားနည်း (၆) မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းများတွင် ဘောလုံးသင်တန်း၌ (၇၀) ဦး၊ ပိုက်ကျော်ခြင်းသင်တန်း၌ (၅၅) ဦး၊ ဘတ်စကက်ဘောသင်တန်း၌ (၃၀) ဦး၊ ကြက်တောင်သင်တန်းတွင် (၂၅) ဦး၊ ဘောလီဘောသင်တန်းတွင် (၆) ဦး၊ စားပွဲတင်တင်းနစ်သင်တန်းတွင် (၁၄) ဦး၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သင်တန်းများကို မတ်လ (၂၀) ရက်နေ့မှစတင်ပြီး မေလ (၂၀) ရက်နေ့ထိ နေ့စဉ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်လွင်(စလင်း)