မင်းလှ မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မြို့မရပ်ကွက်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်သာက အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီမြင့်က ဌာန၏ရည်ရွယ်ချက် (၂) ရပ်နှင့် မြို့နယ်အတွင်း နှစ်စဉ်ဖြစ်ပွားတတ်သည့် သဘာဝဘေးများအကြောင်းကို ပြောကြားသည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးထွေးက ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က ငလျင်ဘေးနှင့်ပတ်သက်သည့် အသိပညာပေး သိကောင်းစရာများကို ပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲတတ်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကို ငလျင်ဘေးအန္တရာယ်အကြောင်သိကောင်စရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)