ဖြူးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

ဖြူး မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေး ယနေ့  မွန်းလွဲ (၂) နာရီအချိန်က မြို့ထောင့်ကျောင်းတိုက်ဓမ္မာရုံတွင် တာဝန်ရှိသူများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသာရ ကြီးမှူး၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲ ဖြစ်မြောက်ရေး ကော်တီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီစဥ်သွားရမည့်အချက်များ၊ ကျင်းပမည့်ရက်အား (၂၉-၃-၂၀၂၆) ရက်နေ့မှ (၄-၄-၂၀၂၆) ရက်နေ့အထိ သတ်မှတ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)