ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် လူအများကြားတွင်ပြောရဲဆိုရဲ ရှိတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီချိန်က အဆိုပါရုံးတွင် လူငယ်စကားဝိုင်းဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ‌လူငယ်စကားဝိုင်းဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အကြောင်းကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် Social Media ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလူငယ်များက သိလိုသည်များကိုမေးမြန်းကြရာ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)