ကျုံပျော် မတ် ၁၆
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ် စစ်ဆေးလျှက်ရှိရာ ရူပဗေဒနှင့် သမိုင်းဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ကျုံပျော်မြို့နယ်တွင် အတွင်းဖြေနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀၅)ဦး စာရင်းပေးသွင်းထားပြီး၊ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား(၂၇၉)ဦး၊ ကျောင်းသူ (၄၆၂)ဦး၊ စုစုပေါင်း (၇၄၁)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၄.၆၄)% ဖြစ်ကြောင်း၊ သမိုင်း ဘာသာရပ်တွင် ကျောင်းသား(၂၃၆)ဦး၊ ကျောင်းသူ (၃၂၇)ဦး၊ စုစုပေါင်း (၅၆၃)ဦးဖြေဆိုပြီး ဖြေဆိုရာနှုန်း (၉၀.၅၁)% ဖြစ်ကြောင်း၊ ဘာသာရပ်နှစ်ခုအတွက် စုစုပေါင်း ဖြေဆိုရာနှုန်း (၉၂.၈၁)% ဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အ.ထ.က(၁) ကျုံပျော်၊ အ.ထ.က(၂)ကျုံပျော် ၊ အ.ထ.က(သောင်ကြီး)၊ အ.ထ.က (အထောင်)၊ အ.ထ.က(လှည်းဆိပ်)၊ အ.ထ.က(မိုးကြိုးပစ်)၊ အ.ထ.က(ရေတွင်းရိုး)၊ အ.ထ.က (အင်းရဲ)၊ အ.ထ.က(ဒိုက်ပျက်)၊အ.ထ.က(ရေစခန်း)နှင့် အ.ထ.က (တောက်တဲ့ရိုး)စသည့် စာစစ်ဌာန (၁၁)ခုဖြင့် ဖွင့်လှစ် စစ်ဆေးဆောင်ရွက် ပေးလျှက်ရှိပြီး ဖြေဆိုသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)