ဇီးကုန်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်

ဇီးကုန်း မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများနှင့် Rice Export Zone အတွက် တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့က ရွှေကြို့ပင်ကျေးရွာအုပ်စု၊ ရွှေကြို့ပင်(ရွာမ)ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားပြီး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးလှမိုးက မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစုအချိန်ကိုက်သုံးစွဲရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရွှေဝါရောင်နှင့် ကျော်ဇောဟိန်းကုမ္ပဏီတို့မှတာဝန်ရှိသူများက မော်ရကျေးရွာအုပ်စုနှင့် ရွှေကြို့ပင်ကျေးရွာအုပ်စုမှ နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ဧက(၇၄၇၃)ကို လျာထားကြောင်းနှင့် စိုက်ဧကပြည့်မှီကျော်လွန်ရေး၊ ထွက်နှုန်းကောင်းမွန်ရေးတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)