ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းများဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသောလုပ်ငန်းများကို မတ် ၁၂ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ ၃၈ဒသမ ၂၅သန်းဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများ ပြည့်စုံမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဦးစီးမှူးက စီမံကိန်းလုပ်ငန်းများတိုးတက်အောင်မြင်စေရေးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မင်းရွာကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၁ ဦးကို ငွေကျပ် ၁၈ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၁ ဦးကို ငွေကျပ် ၁၄ ဒသမ ၇၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးကို ငွေကျပ် ၄ ဒသမ ၂ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် ၁ ဒသမ ၂ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၅၉ ဦးကို VRFP စီမံကိန်းရန်ပုံငွေကျပ် ၃၈ ဒသမ ၂၅ သန်း ထုတ်ချေးပေးထားကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့ထံမှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)