တောင်တွင်းကြီးမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များ လာရောက်ကြည့်ရှုစစ်ဆေး

 

တောင်တွင်းကြီး မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)၊ ဆတ်သွား အခြေခံပညာအထက်တန်းကျောင်း (စာစစ်ဌာန)များရှိစာစစ်ဌာနအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာဖြေခန်းတို့အား လှည့်လည်ကြည့်ရှု၍ လုံခြုံရေးနှင့် စာဖြေကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအတွင်း အလင်းရောင်ရရှိရေး၊ လေဝင်လေထွက်ကောင်းမွန်စွာရရှိရေး၊ ကျောင်းဝန်း အတွင်း/အပြင် သန့်ရှင်းမှုရှိစေရေးနှင့် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၃ ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၃၁)ဦး  ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)