နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်လက်ထောက်-ထောက်၃)က မြန်မာစာပေ၏အရေးပါမှုကိုသိရှိနားလည်စေရန်၊ နေ့စဥ်အသုံးပြုနေသောစကား လုံးများတွင်သတ်ပုံအမှားများလျော့နည်းလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး ဗဟုသုတရှာမှီးလိုစိတ်မြှင့်တင်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ကျောင်းသား/သူ(၃၀)ဦးက ယှဥ်ပြိုင်ခဲ့ကြရာ သတ်မှတ်ထားသော မြန်မာစကားလုံးများထဲမှ အမှားနှင့်အမှန်ကိုမှန်ကန်မြန်ဆန်စွာရွေးချယ်နိုင်သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း