ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ဂန့်ဂေါ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဦးစွာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားမှူး သင်တန်းကို စတင်သင်ကြားပို့ချရာ သင်တန်းနည်းပြအဖြစ် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက သင်ကြားပို့ချခဲ့သည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၄၆)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၉ ရက်မှ ၁၃ ရက်နေ့အထိ၊ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ (၅)ရက် တိုင်တိုင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း