ပေါင်းတည် မတ် ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်ကမတ်လ ၂ ရက်တွင် ကျရောက်သည့် တပေါင်းလပြည့်အခါသာမယနေ့နှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူမှုရေးအရ အလေးထား ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝှန်းအချုပ်ထောင်၊ အကျဉ်းထောင်များမှ စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့်အကျဉ်းသား အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။
ထိုလွတ်ငြိမ်းချမ်းသာခွင့်ပြုသူများအနက် ယနေ့နံနက်ပိုင်းတွင် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား(၄၆)ဦး အကျဉ်းသူ(၁၀)ဦးစုစုပေါင်း(၅၆)ဦးအား နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်လွှတ်အမှတ်(၂/၂၀၂၆)ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-ကျင့်၄၀၁၊ ပုဒ်မခွဲ(၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး နေရပ်အသီးသီးသို့ပြန်လည် စေလွှတ်ခဲ့ကြောင်း ပေါင်းတည် အကျဉ်းဦးစီးဌာနမှ သိရသည်။
ရွှေသား(IPRD)