ကျောက်ကြီး၊ မတ်လ ၂
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက်ပိုင်တွင် မြို့နယ် ပညာရေးမှူးရုံး၏ စီမံညွှန်ကြားမှုဖြင့် နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများကို အ.ထ.က(ခွဲ) ပဲခူးရပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်သွယ်မိုး ဦးဆောင်ပြီး သင်ကြားပြသပေးမည့် နည်းပြဆရာ/ ဆရာမများနှင့်အတူ အင်္ဂလိပ်စာ Grammar သင်တန်း၊ ပန်းချီရေးဆွဲနည်းသင်တန်းနှင့် ချည်ထိုးပန်းထိုး သင်တန်းများကို ယနေ့ မတ်လ ၂ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့ အထိ (၁၀)ရက်တာ တစ်ရက် ၂ နာရီကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုရှိစွာအသုံးချနိုင်စေရန်နှင့် ကျောင်းပိတ်ရက်တွင် အတတ်ပညာများတတ်မြောက်စေရန်ရည်ရွယ်ပြီး ယခုလိုသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အ.ထ.က (ခွဲ) ပဲခူးရပ် ကျောင်းအုပ်ဆရာမကြီး ပြောကြားချက်အရသိရသည်။
အဆိုပါသင်တန်းများတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၄၈ )ဦးတက်ရောက်သင်ယူနေပြီး သင်တန်းများဖွင့်လှစ်ထားရှိမှုအခြေအနေအား ကျောက်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး၊ အလှူငွေများ ထောက်ပံ့ပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)