ဖြူး မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သော ကျေးရွာများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းအနောက်ဖက်ခြမ်းရှိ ကျေးရွာများအား ငှက်ဖျားရောဂါကာကွယ် နှိမ်နင်းရေးအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၃) ငှက်ဖျားဌာနမှ ဦးဇော်လင်းမောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးပညာပေးဟောပြော၍ ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သောကျေးရွာများဖြစ်သည့် ငှက်ပျောတောရွာ၊ ရေကျော်ရွာ၊ ကျွန်းတောစုကျေးရွာ၊ ရိုးမတောင်ခြေတဲစုများ၊ အဝေရာနှင့် ငမြွေဆည်လုပ်သားတဲစုများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းအနောက်ဖက်ခြမ်းရှိ စိမ့်ကြီးရွာ၊ ပိန္နဲကုန်ရွာ၊ ကျွဲမကူးရွာ စသည့် (၈၁)နေရာမှ မိသားစုဝင်များအား တာရှည်ခံဆေးစိမ်ခြင်ထောင် (၁၁၅၅၀)လုံးအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)