(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

ကျိုက်မရော မတ် ၁

၂၀၂၆ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ကျိုက်မရောမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများမှ အားကစားကွင်းအတွင်း နေရာယူကာ ပြိုင်ပွဲဝင်အားကစားသမားများက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးအား ချီတက်အလေးပြု၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးပြီး အဖွင့်မိန့်ခွန်း ပြောကြားသည်။

ကျိုက်မရောမြို့နယ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပထမနေ့အဖြစ် အုပ်စု(က)တွင် ဌာနဆိုင်ရာအသင်းနှင့် ဖနုံကျေးရွာ ဘောလုံးအသင်းတို့က ပထမပွဲစဥ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစောထူးလေးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)