ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

ဝေါ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 လူမှုရေးဘာသာနှင့် Grade-9 သမိုင်းဘာသာတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ (ပဥ္စမနေ့) လူမှုရေးဘာသာနှင့် သမိုင်းဘာသာရပ်တို့ကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် Grade-5 စာစစ်ဌာန (၃၈)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၃၁၇)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်းမှ စုစုပေါင်း(၁၁၄)ကျောင်း ဝင်ရောက်ဖြေဆိုကြပြီး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၂၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)