သာယာဝတီခရိုင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်ရေးတွေ့ဆုံဆွေးနွေး

သာယာဝတီ ဖေဖော်ဝါရီ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင် ကျေးလက်လမ်း​ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနနှင့်ဦးစီးဌာန၏ မူဝါဒများရည်မှန်းချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

ထို့နောက်ခရိုင်ဦးစီးမှူး ဦးသန်းမြတ်စိုးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဏာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေများအား ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေအား ရှင်းလင်းတင်ပြခဲ့ရာ ရုံးလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)