တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲဖြေဆို

တောင်ငူ ဖေဖော်ဝါရီ ၂၈

၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ Grade-9 Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက ဆက်လက်ဖြေဆိုသည်။

တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5 Grade-9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့တွင် Grade-5 စာမေးပွဲ စာစစ်ဌာန (၅၄) ခုတွင်  လူမှုရေးဘာသာရပ်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၃၇၀) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၂၃%) Grade.9 စာမေးပွဲ စာစစ်ဌာန (၁၀) ခုတွင် သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၀၂၆) ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း (၉၇.၉၀%)  ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို