ကျုံပျော်မြို့နယ်၌ ဆောင်းနေကြာသီးနှံ ဝတ်မှုံကူးခြင်းဆောင်ရွက်

ကျုံပျော် ဖေဖော်ဝါရီ ၂၄

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ဆောင်းနေကြာသီးနှံများ စိုက်ပျိုးထားရှိလျှက်ရှိရာ သီးနှံများ ပိုမိုအောင်မြင်ဖြစ်ထွန်းရေးအတွက် နေကြာဝတ်မှုံကူခြင်းလုပ်ငန်းများကို ကွင်းကြီးကျေးရွာအုပ်စု၊ တောင်သူဦးသိန်းစိုး၏ လယ်မြေ ၃ ဧက၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာသို့ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဝတ်မှုံကူးမှုနည်းစနစ်တကျရှိစေရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အစုကြီးကျေးရွာအုပ်စု၊ တောင်သူဦးနိုင်ဝင်း၏ လယ်မြေ ၂ ဧကအတွင်းနွေနှမ်း (ဆင်းရတနာ-၃) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား ဆက်လက်ကြည့်ရှုခဲ့ကြပြီး၊ တောင်သူများအား နွေနှမ်းအပြင် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုတ်စသော သီးနှံများအား ပန်းတိုင်အထွက်နှုန်း ပြည့်မှီရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)