မုံရွာ ဖေဖော်ဝါရီ ၇
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ ပုဂ္ဂိလကျောင်းများ၊ ဆေးရုံများနှင့် ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင် အလေးထားဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဈေးရောင်းပွဲတော်တွင် စက်မှုဇုန်များနှင့် ဒေသအလိုက် ထုတ်ကုန်နှင့် ထွက်ကုန်များ၊ ကုန်ကြမ်းမှကုန်ချောသို့ နည်းပညာအသုံးပြုထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်ထားသည့် ထုတ်ကုန်များအား စုံညီပြည့်စုံအောင် ခင်းကျင်းပြသ ရောင်းချသွားကြရန် လိုအပ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် ပြခန်းများပါဝင်ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများအနေဖြင့် ပျော်ရွှင်စည်ကားသိုက်မြိုက်စွာဖြင့် ရောင်းနိုင်ဝယ်နိုင်လေ့လာနိုင်အောင် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံများ၊ ဘဏ်များမှ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် MSME လုပ်ငန်းများ ပြပွဲနှင့်ဈေးရောင်းပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက MSME လုပ်ငန်းများပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ MSME အေဂျင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ကော်မတီများအလိုက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)