မုံရွာ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမ၌ ကျင်းပခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်က တိုးချဲ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း၊ ကျန်းမာရေးမှူး-၂ ဒေါ်ဇာဇာမြင့်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအခြေအနေများအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက Advocacy Video Clik ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာဖွဲ့၊ အဖွဲ့ဝင်များနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)