ဟုမ္မလင်း ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျာင်းသား၊ ကျောင်းသူများအနေဖြင့် စာစစ်ဌာနများဖြစ်ကြသော အခြေခံပညာကျောင်းများတွင်ဖြေဆိုကြရပြီး နှစ်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၃၉၄၇) ဦးရှိ၍ ဖြေဆိုသူ (၉၇ဒဿမ၆၆) ရာခိုင်နှုန်း၊ ဖြေဆိုပျက်ကွက်(၂ဒဿမ၃၄)ရာခိုင်နှုန်းရှိကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၇) ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)၊ (၁၆) ကျောင်း၊ အ-လ-က (၄၆) ကျောင်း၊ အ-လ-က(ခွဲ)(၃၈) မူလွန်အ-မ-က(၄၂)ကျောင်း၊ အ-မ-က (၅၉) အ-မ-က(ခွဲ)(၆)၊ ကျောင်း၊ကိုယ်ပိုင်ကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၂၂၈) ကျောင်းဖွင့် လှစ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟုမ္မလင်းမြို့နယ် အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲအေးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)