ဟုမ္မလင်း ဖေဖော်ဝါရီ ၅
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် "တောင်သူအကျိုးပြု သီးနှံစမ်းသပ်ကွက်ရလဒ်များစာတမ်းဖတ်ပွဲ" အခမ်းအနားကိုယနေ့မွန်းလွဲ (၁) နာရီအချိန်က ဟုမ္မလင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက စာတမ်းဖတ်ပွဲအခမ်းအနား" ဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ညွှန့်ကြည်က (၂၀၂၅) ခုနှစ် ခေါင်ခမ်းကျေးရွာအုပ်စုနားနှုန်းကျေးရွာ၌ မိုးစပါးရာသီတွင်ဆောင်ရွက်ခဲ့သည့် တောင်သူများ ပူးပေါင်းပါဝင်သော စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် သုတေသနရလဒ်များအား "စပါးပန်းတိုင်အထွက်နှုန်းရရှိဖို့ တောင်သူပါဝင်မျိုးရွေးစို့" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့်တောင်သူများက အကြံပြုချက်နှင့်မေးခွန်းများ မေးမြန်းခဲ့ရာစာတမ်းရှင်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့၍ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးထွန်းထွန်းလှိုင်က စာတမ်းရှင်အားဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ရာ လက်ထောက်ဦးစီးမှူး ဦးအောင်ညွှန့်ကြည်က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူ (၅၀) ဦးခန့်၊ တက်ရောက်ခဲ့ကြပြီးကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)